Wednesday, 13 February 2013

အချစ်စစ်


ပန်းတွေဆိုတာ
ကြွေကာနွမ်းလို့ အမွှေးပျက်တယ် ။

စမ်းရေဆိုတာ
နွေမှာခမ်းလို့ အအေးပျက်ပြယ် ။

အနမ်းဆိုတာ
ပန်းတွေလိုလဲ မနွမ်းဘူး
စမ်းရေလိုလဲ မခမ်းဘူး
ပန်းတွေထက် မွှေးတယ်
စမ်းရေထက် အေးတယ် ။

နွေ
မိုး
ဆောင်း
ရာသီတွေ အလီလီနှောင်းလဲ
မဟောင်းဘဲ သစ်တယ်
မပြောင်းလဲ အမြစ်တွယ်
ချစ်တယ်ဆိုတာ စစ်ရင်လေ ။


Tuesday, 12 February 2013

မဆုံးတဲ့ကဗျာ


သူ့အလှဟာ ကဗျာ
အဲဒီကဗျာ ငါ့အသက်
တစ်မျက်နှာမက
တစ်သက်တာထိ ရေးနေမယ်။

လေပြည်ညှင်း


ငါပျိုးတဲ့ပန်း ၊ မနွမ်းစေရ
အတ္တလွန်ကဲ ၊ ဒွန်တွဲသောက
ရင်ထဲကပူတယ် ။

ရင်ထဲအပူ ၊ ဘယ်သူကူလဲ
ပူမြဲပူမည် ၊ ချစ်သူသည်သာ
လေပြည်ညှင်းပါကွယ် ။

အချစ်ဒုက္ခ


ရက်စက်တဲ့ ချစ်သူ
အပြစ်ယူ ငါ့အသဲကို
ခွဲခဲ့တယ်မင်း။

အပြစ်ရှာမတွေ့လေတဲ့
ချစ်စရာကလေးရယ်လို့
မေတ္တာအစစ်နဲ့ ငါ့ရင်တွင်း။

ထင်သလိုရယ် မဖြစ်ခဲ့
အပြစ်မဲ့တဲ့ ငါ့အသဲကို
မချစ်ပဲ မင်းခွဲခဲ့တယ်
အချစ်ရဲ့  ဆင်းရဲခြင်းဟာ
ဒါပဲလား ချစ်သူရယ်
သွေဖယ်ရက်လေခြင်း

ငါ့ဘ၀နဲ့ သူ့အလှ


ရှေ့ တိုးချင်ပေမယ့်
ရှေ့ တိုးခွင့်မပေးတဲ့ ငါဘ၀။

နောက်ဆုတ်ချင်ပေမယ့်
နောက်ဆုတ်ခွင့်မပေးတဲ့သူ့အလှ။

ဘ၀နဲ့အလှကြားမှာ
ရှေ့ မတိုး နောက်မဆုတ်
ကျောက်ရုပ်လေးပဲဖြစ်ချင်ပြီ ။

ခိုင်အတွက်



လူ့ဘ၀နယ်မှာ
ဘယ်ခါပြိုင်ပြိုင်
နိုင်သူမရှိဘူးခိုင်။

အနိုင် အရှုံး
အမုန်း အချစ်
ဘာဖြစ်ဖြစ် အရှုံးပါပဲကွယ်။

ဒါပေမယ့်လေ
ခိုင့်ရဲ့  ဆန္ဒ ၊ အတ္တချင်းပြိုင် ၊
ခိုင်နိုင်ဖို့အတွက် ၊ သက်သက်ခြွေချ
ကိုယ့်မာနတွေ မြေပြင်ထက် ....

ငါပျိုးတဲ့ပန်း ၊ မနွမ်းစေရ
အတ္တလွန်ကဲ ၊ ဒွန်တွဲသောက
ရင်ထဲကအပူ ၊ ကြိုက်ကြိုက်ဆူးအောင်
လောင်မြိုက်ပါစေ ခိုင့်အတွက်။

ထားရစ်ခဲ့ပါ



တအားချစ်ပေမယ့်
ထားရစ်ခဲ့မှာသိပါတယ် ။

မသနားပြစ်ခွါ
တခြားအသစ်ရှာလဲ
မတားမြစ်ခဲ့ဘူးကွယ် ။

လွဲမှားတယ်လို့ ဆိုချင်ဆို
ခွဲသွားမှာကြိုတင်သိပေမယ့်
အသဲကြားမှာမငြိုငြင်မိပါဘူး
ငိုချင်တာရင်မှာသိမ်းပါ့မယ်
စိမ်းချင်တဲ့ချစ်သူရယ် ။

အရင်တစ်ခါ
အကြင်နာ စကားတစ်ချက်က
ရင်မှာ မြှားတစ်လက်လိုစိုက်စေတော့
ထားအသက်ကိုလေ
တစ်ပါးလက်ခူးခြွေခိုက်မှာ
ကြွေထိုက်တယ်ဆိုရင်ဖြင့်
ကြွေ ... ကြွေလိုက်ပါကွယ်  ။

စံပယ်


အရမ်းမွှေးလို့
အနမ်းပေးချင်တယ်
ပန်းလေးစပယ်။

ဒါပေမယ့်ကွယ်
စပယ်ကိုတကယ်နမ်းရင်
ရနံ့ ပြယ် စပယ်နွမ်းမှာမို့
ရင်မှာကွယ် လွမ်းတကယ်
နမ်းခွင့်မလွယ်

စပယ်ရယ်
မရွယ်ခြူရက်ရင်း
တွယ်သူရတက်ပျင်းစေတော့
တကယ်ဖြူတဲ့အဆင်းနဲ့
မပြယ်ကြူလျှက်သင်းပါကွယ်။

အခုဘ၀မှာ
အနုအလှ ပန်းတစ်ပွင့်ကို
တယုတယ နမ်းခွင့်မရပေမယ့်
လူ့ဘ၀ အမျိုးနွယ်မို့
သမုဒယနဲ့ မြတ်နိုးမယ်။

Monday, 11 February 2013

သမုဒယပျိုးပင်




လူ့ဘ၀ရဲ့ 
သမုဒယအပင်မျိုး။

မမြင်သာ တိတ်တခိုးနဲ့
ကြင်နာစွာ ဒီရင်မှာပျိုး။

အရွက်ရယ် အညှာနှင့်
တစ်သက်မှာ တစ်ပင်သာမို့
ကြင်နာမြတ်နိုး။

တယုတယပျိုး
သမုဒယမျိုး မညိုးရလေအောင်
သွန်းဖြိုးလို့ ရွာပါမိုး။ ။